Welcome To My blog မိတ်ဆွေများအားလုံးမင်္ဂလာပါ ကျွန်တော်ရဲ့နည်းပညာဆိုဒ်လေးကိုလာရောက်အားပေးတဲ့မိတ်ဆွေတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်... ကျွန်တော်တင်ပေးသောနည်းပညာများသည် ကျွန်တော်ကိုယ်တိုင်လက်တွေ့ကျကျ စမ်းသပ်ပြီးမှတင်ပေးခြင်းဖြစ်ပါတယ် ကျွန်တော့်လိုပဲလက်တွေ့ကျကျစိတ်ပါဝင်စားတဲ့ မိတ်ဆွေများအနေနဲ့ ပါဝင်ရေးသားချင်တယ်ဆိုရင်တော့ ( achitminthar110@gmail.com ) သို့မေးလ်ပို့ပြီးအကြောင်းကြားနိုင်ပါတယ် အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ....။

Member ၀င်ရန်.............

Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

Sunday, August 10, 2014

Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်ထံ Color Change malware ပျံ့နှံ့နေ ဟု ဆို



Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည် ဆိုသော Color Change scam သည် သုံးစွဲသူ များကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်တွင် ကူးစက် ပျံ့နှံ့နေကြောင်း တရုတ် အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။

၎င်း malware သည် Facebook သုံးစွဲသူ များက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည် ဟူသော app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏ လုံခြုံရေး သုတေသီများက ပြောကြားခဲ့သည်။

အဆိုပါ phishing ဆိုက်သည် သုံးစွဲသူ များအား နည်းလမ်း နှစ်မျိုးဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ဆိုသည်။ ပထမ နည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီ အသုံးပြုခွင့် ပေးပြီးနောက် ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်း များထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အကယ်၍ သုံးစွဲသူက ဗီဒီယိုကို မကြည့်ရှုပါက phishing ဆိုက်သည် အန္တရာယ်ရှိသည့် application ကို download ပြုလုပ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ကွန်ပျူတာပေါ်မှ အသုံးပြုက phishing ဆိုက်သည် video player တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။ သုံးစွဲသူက Android ထုတ်ကုန် တစ်ခုပေါ်မှ အသုံးပြုပါက phishing ဆိုက် အနေဖြင့် ၎င်းထုတ်ကုန်တွင် malware ကူးစက် ခံနေရကြောင့် သတိပေးချက် တစ်ခု ဖော်ပြကာ app တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။

၎င်းပြဿနာသည် Facebook တွင်ရှိသည့် အားနည်းချက် တစ်ခုကြောင့် ဖြစ်ပြီး အဆိုပါ အားနည်းချက်သည် Facebook အခြေခံ app များ အတွင်းသို့ ဟက်ကာများက virus များနှင့် အန္တရာယ် ရှိသည့် code များ ထည့်သွင်းစေနိုင်ကြောင်း Cheetah Mobile မှ ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက်ကို Facebook က ပြင်ဆင်ရန် စီစဉ်နေခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်း Mashable က ဖော်ပြခဲ့သည်။

Internet Journal

Video Downloader For Facebook v1.1 APK for Android

Facebook ပေါ်မှာ Video တွေကို Download ဆွဲချင်တဲ့သူတွေအတွက် သတင်းကောင်းပါ။ သိပြီးသားသူတွေအတွက် ကျော်သွားနိုင်ပါတယ်။ ဒီ app ကတကယ်ကောင်းပါတယ်။ ဖိုင် size က 1.9MB လောက်ပဲရှိပါတယ်။ နောက်ဆုံးထွက် version က 1.1 ဖြစ်ပြီး နောက်ဆုံးထွက်တာကတော့ မတ် ၂၅ ၂၀၁၄ ဖြစ်ပါတယ်။ ပိုပြီးသိချင်ရင်တော့ http://adf.ly/r0nuW မှာဖတ်ကြည့်ပါ။ အဆင်ပြေပါစေ။

Description

With video downloader for Facebook you can now download videos and photos from Facebook directly to your phone. You can now download Facebook videos uploaded by you, Videos you are tagged in, Videos uploaded by your friends, Videos from liked pages and groups too.Also check out our huge collection of funny / crazy videos. You can easily download them and save them to your gallery.
This app uses the Facebook(TM) API and is not endorsed or certified by Facebook. All Facebook(TM) logos and trademarks displayed on this app are property of Facebook.



Download links => Link 1 / Link 2

Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ