Welcome To My blog မိတ်ဆွေများအားလုံးမင်္ဂလာပါ ကျွန်တော်ရဲ့နည်းပညာဆိုဒ်လေးကိုလာရောက်အားပေးတဲ့မိတ်ဆွေတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်... ကျွန်တော်တင်ပေးသောနည်းပညာများသည် ကျွန်တော်ကိုယ်တိုင်လက်တွေ့ကျကျ စမ်းသပ်ပြီးမှတင်ပေးခြင်းဖြစ်ပါတယ် ကျွန်တော့်လိုပဲလက်တွေ့ကျကျစိတ်ပါဝင်စားတဲ့ မိတ်ဆွေများအနေနဲ့ ပါဝင်ရေးသားချင်တယ်ဆိုရင်တော့ ( achitminthar110@gmail.com ) သို့မေးလ်ပို့ပြီးအကြောင်းကြားနိုင်ပါတယ် အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ....။

Member ၀င်ရန်.............

Showing posts with label Player. Show all posts
Showing posts with label Player. Show all posts

Sunday, July 27, 2014

VLC Media Player



Audio and Video Player တွေထဲမှာတော့ VLC Media Player ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ ဒီPlayer လေးက
Audio, Video ဖော်မက်မျိုးစုံကို အကုန်ဖွင့်နိုင်ပါတယ်။ ကြည့်ရ ၊ 
အသုံးပြုရတာလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းကို
အဆင်ပြေပါတယ်။ Video တွေကြည့်မယ်ဆိုရင်လည်း သူ့ရဲ့ Resolution အတိုင်း
 ဥပမာ 640x360 ဆို 640x360 နဲ့
တန်းပေါ်တယ်။ တစ်ချို့ Player တွေဆိုရင် သူ့ဆော့ဝဲလ်က ပုံသေဆိုဒ်တစ်ခု အတိုင်းပဲ ပေါ်တာများပါတယ်။ နောက်
ဒီ VLC Media Player က တစ်ခြား Player တွေထက် အသံ ၂ ဆလောက် ပိုပြီးကျယ်ပါတယ်။ အသံကိုလည်း 200%ထိ
ကျယ်လို့ရတယ်။ အဲဒါ ကွန်ပျူတာက Speaker ကို ကျယ်တာ မပါသေးပါဘူး။ အနော်ဆို Window Media Player နဲ့
သီချင်းတွေနားထောင်တာ အားမရလို့ ဒီ Player နဲ့ပဲ ဖွင့်ဖြစ်တာများတယ်။ အသံတိုးနေတဲ့ သီချင်းတွေ ဒီ Player နဲ့
နားထောင်ကြည့်လိုက်ပါ။ အရင်ထက် ၂ ဆလောက်ပိုကျယ်လာပါလိမ့်မယ်။ တကယ်သုံးကြည့်လိုက်ပါ ကြိုက်သွားမယ်။
ကဲ စိတ်ဝင်စားတယ် သုံးချင်တယ်ဆိုရင် အောက်ကလင့်လေးမှာ သွားဒေါင်းလိုက်ပါ။ 64-bit နဲ့ 32-bit ၂ မျိုးရှိပါတယ်။

Download: VLC Media Player [ 64-bit ]

Download: VLC Media Player [ 32-bit ]

Download လင့်တွေကိုတော့ http://filehippo.com/ ကပဲ ချိတ်ပေးထားလိုက်ပါတယ်။ ကိုယ်တိုင် Upload တင်ဖို့က

လိုင်းသိပ်မကောင်းလို့ပါ၊ ဒေါင်းနည်းကတော့ အပေါ်မှာ ပေးထားတဲ့ လင့်ကိုသွားပြီး အောက်မှာ မြားထိုးပြထားတာကို

နှိပ်ပြီး ဒေါင်းပါ။ အဲ ဆော့ဝဲလ်ကိုတော့ 64-bit နဲ့ 32-bit ကိုယ့်ကွန်ပျူတာနဲ့ ကိုက်ညီတာ ရွေးပြီးဒေါင်းယူကြပါ။




 ခုတော့ ကျွန်တော် Idiots ရဲ့ မငိုနဲ့တော့ ဆိုတဲ့သီချင်းလေးနားထောင်နေတာ ။ တော်တော်လေးကောင်းတယ် :)

SWF & FLV Player





ဒီ SWF & FLV Player လေးကို အနော်ရှာတွေ့ထားတာ မကြာသေးပါဘူး။
Flash Song တွေနဲ့ FLV ဗွီဒီယို ဖိုင်တွေကို
ဖွင့်ကြည့် နားထောင်လို့ ရပါတယ်။ ပြီးတော့ သူက ကိုယ် ဖွင့်လိုက်တဲ့
Flash Song ရဲ့ အချက်အလက်တွေကိုလည်းကြည့်လို့လွယ်တယ်။
Flash Song အပုဒ်ရေအများကြီးကို Playlist လုပ်ပြီး တစ်ခါတည်း ဖွင့်နားထောင်လို့ရပါတယ်။
သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်။ အားလုံးပဲအဆင်ပြေပျော်ရွှင်ကြပါစေလို့...။


Download: SWF & FLV Player

Screenshot


 

Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ