Welcome To My blog မိတ်ဆွေများအားလုံးမင်္ဂလာပါ ကျွန်တော်ရဲ့နည်းပညာဆိုဒ်လေးကိုလာရောက်အားပေးတဲ့မိတ်ဆွေတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်... ကျွန်တော်တင်ပေးသောနည်းပညာများသည် ကျွန်တော်ကိုယ်တိုင်လက်တွေ့ကျကျ စမ်းသပ်ပြီးမှတင်ပေးခြင်းဖြစ်ပါတယ် ကျွန်တော့်လိုပဲလက်တွေ့ကျကျစိတ်ပါဝင်စားတဲ့ မိတ်ဆွေများအနေနဲ့ ပါဝင်ရေးသားချင်တယ်ဆိုရင်တော့ ( achitminthar110@gmail.com ) သို့မေးလ်ပို့ပြီးအကြောင်းကြားနိုင်ပါတယ် အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ....။

Member ၀င်ရန်.............

Sunday, July 27, 2014

VLC Media Player



Audio and Video Player တွေထဲမှာတော့ VLC Media Player ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ ဒီPlayer လေးက
Audio, Video ဖော်မက်မျိုးစုံကို အကုန်ဖွင့်နိုင်ပါတယ်။ ကြည့်ရ ၊ 
အသုံးပြုရတာလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းကို
အဆင်ပြေပါတယ်။ Video တွေကြည့်မယ်ဆိုရင်လည်း သူ့ရဲ့ Resolution အတိုင်း
 ဥပမာ 640x360 ဆို 640x360 နဲ့
တန်းပေါ်တယ်။ တစ်ချို့ Player တွေဆိုရင် သူ့ဆော့ဝဲလ်က ပုံသေဆိုဒ်တစ်ခု အတိုင်းပဲ ပေါ်တာများပါတယ်။ နောက်
ဒီ VLC Media Player က တစ်ခြား Player တွေထက် အသံ ၂ ဆလောက် ပိုပြီးကျယ်ပါတယ်။ အသံကိုလည်း 200%ထိ
ကျယ်လို့ရတယ်။ အဲဒါ ကွန်ပျူတာက Speaker ကို ကျယ်တာ မပါသေးပါဘူး။ အနော်ဆို Window Media Player နဲ့
သီချင်းတွေနားထောင်တာ အားမရလို့ ဒီ Player နဲ့ပဲ ဖွင့်ဖြစ်တာများတယ်။ အသံတိုးနေတဲ့ သီချင်းတွေ ဒီ Player နဲ့
နားထောင်ကြည့်လိုက်ပါ။ အရင်ထက် ၂ ဆလောက်ပိုကျယ်လာပါလိမ့်မယ်။ တကယ်သုံးကြည့်လိုက်ပါ ကြိုက်သွားမယ်။
ကဲ စိတ်ဝင်စားတယ် သုံးချင်တယ်ဆိုရင် အောက်ကလင့်လေးမှာ သွားဒေါင်းလိုက်ပါ။ 64-bit နဲ့ 32-bit ၂ မျိုးရှိပါတယ်။

Download: VLC Media Player [ 64-bit ]

Download: VLC Media Player [ 32-bit ]

Download လင့်တွေကိုတော့ http://filehippo.com/ ကပဲ ချိတ်ပေးထားလိုက်ပါတယ်။ ကိုယ်တိုင် Upload တင်ဖို့က

လိုင်းသိပ်မကောင်းလို့ပါ၊ ဒေါင်းနည်းကတော့ အပေါ်မှာ ပေးထားတဲ့ လင့်ကိုသွားပြီး အောက်မှာ မြားထိုးပြထားတာကို

နှိပ်ပြီး ဒေါင်းပါ။ အဲ ဆော့ဝဲလ်ကိုတော့ 64-bit နဲ့ 32-bit ကိုယ့်ကွန်ပျူတာနဲ့ ကိုက်ညီတာ ရွေးပြီးဒေါင်းယူကြပါ။




 ခုတော့ ကျွန်တော် Idiots ရဲ့ မငိုနဲ့တော့ ဆိုတဲ့သီချင်းလေးနားထောင်နေတာ ။ တော်တော်လေးကောင်းတယ် :)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ